နိုင်ငံခြားပညာတော်သင်
ကျောင်းသားများ
တိုယိုတာတွင်စာလေ့လာပြီးအိမ်မက်များကိုအကောင်အထည်ဖော်ပါ
ဂျပန်နိုင်ငံသို့ပညာတော်သင်လာရောက်သူများမှပေးသောဆုကို2023ခုနှစ်မှာရရှိ
ဂျပန်စာသင်ကျောင်းမှဆရာများမှရွှေးချယ်သောနိုင်ငံခြားပညာတော်သင်ကျောင်းသားများအနေနှင့်ဆက်ပြီးကျောင်းတက်လိုသည့်ကျောင်းများထဲမှနည်းပညာအသက်မွှေးမှုကျောင်း၊နည်းပညာနှင့်ဆိုင်သောဌာနအဖြစ် တိုယိုတာကရွှေးချယ်ခံခဲ့ရပါသည်။
အိုဆာခါလူဝင်မှုကြီးကြပ်ရေးဌာနမှနံပတ်1ပြီးပြည့်စုံသည့်ကျောင်းအဖြစ်ရွှေးချယ်ခံထားရခြင်း
ပြီးပြည့်စုံသည့်ကျောင်းဆိုသည်မှာလူဝင်မူကြီးကြပ်ရေးဌာနမှပညာတော်သင်ကျောင်းသားများ၏ပြည်ဝင်ခွင့်၊နေထိုင်ခွင့်များကိုမှန်မှန်ကန်ကန်စိစစ်ပေးသည့်ပညာရေးဌာန
များကိုသာလျှင်ရွှေးချယ်ပေးအပ်သောဆုဖြစ်သည်။ရွှေးချယ်ခံရသောပညာသင်ဌာနများသည်ဂျပန်သို့ပညာတော်သင်လာမည့်ကျောင်းသားများ၏နေထိုင်ခွင့်လျှောက်ထားရာတွင်လိုအပ်သည့်စာရွှက်စာတမ်းတစ်ချို့ကိုချန်လှပ်ထားခွင့်ရှိပြီးအဆင့်မြင့်Level 1 ကိုရွှေးချယ်ခံရသောကျောင်းမှာပို၍ပင်အခွင့်ထူးများရရှိနိုင်သည်။
တိုယိုတာနှင့်ပတ်သက်သောလုပ်ငန်းများတွင်အလုပ်ဝင်နိုင်ခြင်း
2005ခုနှစ်3လပိုင်းမှ2024ခုနှစ်3လပိုင်း
ဘွဲ့ရသူများ၏အနာဂတ်အခြေအနေ
အလုပ်ဝင်သည့်ကုမ္ပဏီမှတာဝန်ရှိသူ
Toyota Mobility Shin-Osaka Co., Ltd စီမန်ခန့်ခွဲရေးမာန်နေဂျာMasaaki Mizuhata
ကျွန်ုပ်တို့ကုမ္ပဏီတွင်နိုင်ငံခြားပညာတော်သင်ကျောင်းသားအများအပြားကို အလုပ်ခေါ်ယူလျှက်ရှိပါသည်။2017မှ2024ထိ65ဦးကိုအလုပ်ခန့်ထားနိုင်ခဲ့သည်။ရိုးရိုးသားသားနှင့်အလုပ်ကြိုးစားမူရှိသောကြောင့်ကုမ္ပဏီအတွက်အတော်ပင်အင်အားဖြစ်ရပါသည်။အထူးသဖြင့်တိုယိုတာခိုဘေးကျောင်းမှဘွဲ့ရသူများသည် အလွန်စာကြိုးစားပြီးဂျပန်စကားကိုလည်လည်ဝယ်ဝယ်ပြောနိုင်ကြသည်။ ထို့အပြင်ကားနှင့်ပတ်သက်သည့်ဗဟုသုတနှင့်နည်းစနစ်ပိုင်းများကို အသေအချာလေ့လာထားမူကြောင့်စိတ်အေးအေးနှင့်အလုပ်ခန့်လျှက်ရှိပါသည်။တိုယိုတာခိုဘေးကျောင်းတွင် ကျောင်းလာတက်မည့်အချိန်ကိုပျော်ရွှင်စွာစောင့်နေပါသည်။
ဘွဲ့ရပြီးကျောင်းသားမှ
Netz Toyota Yasaka Corporation Mg Do Quyen Hieu (ဗီယနမ်နိုင်ငံသား)
ကားပြုပြင်ရေးဘာသာရပ်မှ2021ခုနှစ်တွင်ဘွဲ့ရခဲ့သူ
ယခုလက်ရှိNetsuToyotaYasakaတွင်ကားပြုပြင်ရေးအင်ဂျီနီယာတစ်ယောက်အနေဖြင့်အလုပ်လုပ်နေပါသည်။တိုယိုတာခိုဘေးကျောင်းတွင်ဂျပန်ဘာသာစကား၊ကားပြုပြင်ရေးအသိပညာနှင့်လက်တွေ့လုပ်ဆောင်မှုများကိုလေ့လာခဲ့ရပါသည်။ထိုအတွေ့အကြုံများသည်လက်ရှိအလုပ်တွင်အထောက်အကူပြုလျှက်ရှိသည်။တိုယိုတာခိုဘေးကျောင်းသည်အလုပ်ရပြီးသည့်တိုင် အလုပ်တွင်အခက်အခဲမရှိစေရန်ကူညီပေးသည့်ကျောင်းကောင်းတစ်ကျောင်းဖြစ်သောကြောင့် ကားဝါသနာရှင်များအနေဖြင့်တက်သင့်သည့်ကျောင်းဖြစ်ပါသည်။ဘွဲ့ရပြီးနောက်တွင်သင်တို့နှင့်အတူအလုပ်လုပ်ချင်ပါသေးသည်။
Toyota Corolla Hyogo Corporation Mg Le Truong Goc Dinh (ဗီယနမ်နိုင်ငံသား)
နိုင်ငံတကာကားပြုပြင်ရေးဘာသာရပ်2023ခုနှစ်တွင်ဘွဲ့ရခဲ့သူ
တိုယိုတာခိုဘေးကျောင်းမှဆရာများ၏ကူညီပံ့ပိုးပေးမူဖြင့်နိုင်ငံခြားပညာတော်သင်ကျောင်းသားတစ်ယောက်အနေဖြင့်အခက်အခဲမရှိပညာသင်ကြားခဲ့ရပါသည်။ဗီဇာလျှောက်ပေးခြင်း၊အလုပ်ရှာပေးခြင်းများအပြင်သင်ကြားရေးနည်းစနစ်ပိုင်းတွင်လည်းနာမည်ကြီးသည့်ကျောင်းတစ်ကျောင်းဖြစ်ပါသည်။6လ၊12လ၊24လ တစ်ခါကားစစ်သည့်သင်ကြားပို့ချရေးအတန်းတွင်စနစ်တကျလေ့ကျင့်သင်ကြားပေးမူကြောင့်အလုပ်တွင်အခက်အခဲမရှိလုပ်နိုင်နေပါသည်။တိုယိုတာခိုဘေးကျောင်းတွင်ကျောင်းတက်ကြမည့်သူများကိုစားကြိုးစားကြဖို့တိုက်တွန်းလိုပါသည်။
အလုပ်ဝင်နိုင်သည့်ကုမ္ပဏီများ
- ဂျပန်တွင်အလုပ်ရှာပါ
- Hyogo Toyota Motor Co., Ltd / Kobe Toyopet Co., Ltd / Toyota Corolla Kobe Co., Ltd / Toyota Corolla Hyogo Co., Ltd / Netz Toyota Kobe Co., Ltd / Osaka Toyota Motor Co., Ltd / Osaka Toyopet Co., Ltd / Toyota Corolla Nankai Co., Ltd / Toyota Corolla Osaka Co., Ltd / Toyota Mobility Shin-Osaka Co., Ltd / Kyoto Toyota Motor Corporation Co., Ltd / Kyoto Toyopet Motor Corporation Co., Ltd / Toyota Corolla Kyoto Co., Ltd / Netz Toyota Yasaka Co., Ltd / Toyota Mobility Shiga Co., Ltd / Netz Toyota Okayama Co., Ltd / Netz Toyota Sanyo Co., Ltd / Yamaguchi Toyopet Co., Ltd / Ehime Toyota Motor Co., Ltd / Netz Toyota Ehime Co., Ltd / Toyota Corolla Fukui Co., Ltd / AT Group Co., Ltd / NTP Nagoya Toyopet Co., Ltd / Toyota Corolla Nagoya Co., Ltd / Kanagawa Toyota Motor Co., Ltd / Waynes Toyota Kanagawa Co., Ltd / Saitama Toyopet Co., Ltd / Toyota L&F Okayama Corporation Co., Ltd / Toyota L&F Hiroshima Corporation Co., Ltd / Osaka Daihatsu Sales Co., Ltd / Shiga Daihatsu Sales Co., Ltd / Kyoto Hino Motors Co., Ltd / Hino Motors Co., Ltd / FT Techno Co., Ltd / Toyota Kobe Maintenance Academy
- တရုတ်နိုင်ငံ
- Toyota Motor Corporation (China) Investment Co., Ltd / FAW Toyota Motor Sales Co., Ltd / GAC Toyota Motor Co., Ltd / Toyota Motor Corporation Research and Development Center (China) Co., Ltd
- ဗီယနမ်နိုင်ငံ
- Vietnam Toyota Co., Ltd
အသိအမှတ်ပြုလက်မှတ်ရယူရာတွင်အားသာချက်ရှိခြင်း
နိုင်ငံအသိအမှတ်ပြုလက်မှတ်ရယူ
ရာ၌အောင်ချက်မြင့်မားခြင်း
ကားစစ်ခြင်း၊ပြုပြင်ခြင်း၊ပျက်သည့်အကြောင်းအရာများကိုရှာဖွေခြင်း စသည့်ပြုပြင်ရေးနှင့်ပတ်သက်သည့်အသိပညာနှင့်နည်းပညာများကိုအသိအမှတ်ပြုသည့်လက်မှတ်ကို ကျွန်ုပ်တို့ကျောင်းသည် ကုန်းလမ်းပို့ဆောင်ရေးဌာနမှခွင့်ပြုချက်ရထားသောကျောင်းဖြစ်သောကြောင့်လက်တွေ့စာမေးပွဲဖြေစရာမလိုပဲ စာတွေ့ဖြေရုံဖြင့်အောင်လက်မှတ်ရယူနိုင်သည့်ကျောင်းဖြစ်သည်။ ဝါရင့်ဆရာများ၏သင်ကြားပေးမူကြောင့်နှစ်စဥ်အောင်ချက်100%ဖြင့်ရပ်တည်လျှက်ရှိသည်။
ကမ္ဘာတစ်ဝှမ်းတွင်အသုံးပြုနိုင်သောတို
ယိုတာအသိအမှတ်ပြုလက်မှတ်
တိုယိုတာအသိအမှတ်ပြုသည့်အထောက်အထားလက်မှတ်သည်အဆင့်4မှအဆင့်1အထိ အဆင့်4ဆင့်ရှိပြီးကားပြုပြင်ရေးဘာသာရပ်နှင့်နိုင်ငံတကာကားပြုပြင်ရေးဘာသာရပ်နှင့်ဘွဲ့ရသူများအနေနှင့်G3ကိုရရှိမည်ဖြစ်သည်။ကျွန်ပ်တို့ကျောင်းတွင်နိုင်ငံပေါင်း70ကျော်မှအင်ဂျင်နီယာများအသုံးပြုသည့်သင်ယူလေ့လာရေးTEAM-GPကိုလက်တွေ့အသုံးပြုပြီးအသိအမှတ်ပြုလက်မှတ်များကိုရယူနိုင်ပါသည်။TAEM-GPသည်တစ်ကမ္ဘာလုံးတွင်အသုံးပြုနေသောကားနှင့်ပတ်သက်သည့်လေ့လာရေးဆိုင်ရာအချက်အလက်များပါဝင်သောကြောင့်ကမ္ဘာလုံးဆိုင်ရာနည်းပညာအင်းအားတရပ်ဟုဆိုနိုင်သည်။
ဂျပန်နိုင်ငံ၏ထိပ်တန်းအဆင့်ပညာရေးနယ်ပယ်
တိုယိုတာမှတိုက်ရိုက်ဖွင့်သည့်ကျောင်းဖြစ်သည့်အလျှောက်!
လက်တွေ့သင်ရိုးညွန်းတမ်းများပါဝင်သောကြောင့်ဘွဲ့ရပြီးလျှင်ချက်ခြင်းအသုံးပြုနိုင်ခြင်း
ကျောင်းသားအားလုံးကိုကြည့်ပြီး၊ထိပြီး၊ခံစားပြီးလေ့လာနိုင်သည့်ပညာရေးစနစ်ဖြင့်သင်ကြားပေးနေသည်။မြောက်များစွာသောသင်ထောက်ကူပစ္စည်းများကိုအသုံးပြုပြီးလက်တွေ့လုပ်ဆောင်ခြင်းများကိုအကြိမ်ကြိမ်ပြုလုပ်စေခြင်းဖြင့် အလုပ်ဝင်ရာ၌အခက်အခဲမရှိ အလုပ်လုပ်နိုင်သည်အထိသင်ကြားပေးနေပါသည်။
နိုင်ငံခြားပညာတော်သင်ကျောင်းသားများကိုထောက်ပံ့ပေးသည့်အချက်3ချက်
support 01နေထိုင်မူအထောက်အပံ့များ
- ဗီဇာသက်တမ်းတိုးလျှောက်ပေးခြင်း၊ဗီဇာလျှောက်ရန်လိုအပ်သည့်ပြင်ဆင်မူများကိုစီစဥ်ပေးခြင်း
-
လူဝင်မူကြီးကြပ်ရေးဌာနမှအသိအမှတ်ပြုဆရာမှ ဗီဇာလျှောက်ရန်လိုအပ်သည့်စာရွှက်စာတမ်းများကိုပြင်ဆင်ပေးခြင်း
ဗီဇာသက်တမ်းတိုးခြင်း၊ဗီဇာအမျိုးအစားပြောင်းလဲခြင်းများကိုပြုလုပ်ပေးလျှက်ရှိပြီး အိမ်ထောင်ပြုပြီးကလေးမွှေးပြီးလျှင်မိသားစုလိုက်နေထိုင်ခွင့်ဗီဇာများကိုလည်းဆောင်ရွှက်ပေးလျှက်ရှိသည်။
- ဂျပန်စာအရည်အချင်းစစ်စာမေးပွဲတွင်အောင်မြင်စေရန် JLPTအတွက်ပြင်ဆင်ပေးခြင်း
- နိုင်ငံတကာကားပြုပြင်ရေးဘာသာရပ်အတန်းတွင်ပထမနှစ်အတွက်နာရီ400အထက်ဂျပန်စာသင်ကြားပေးခြင်း၊ကားနှင့်ဆိုင်သောသင်ပြပို့ချမူသာမကဂျပန်တွင်အလုပ်ဝင်နိုင်ရန်လိုအပ်သည့်JLPTN2အောင်စေရန်အတွက်ပြင်ဆင်ပေးခြင်း များကိုပြုလုပ်ပေးလျှက်ရှိပါသည်။
- ဗီယနမ်လူမျိုးနှင့်မြန်မာလူမျိုးကိုဆရာအဖြစ်အလုပ်ခန့်အပ်ထားခြင်း
- ကျွန်ုပ်တို့ကျောင်းမှဘွဲ့ရခဲ့သည့်ဗီယနမ်လူမျိုးနှင့်မြန်မာလူမျိုးကိုကျောင်းဆရာအဖြစ်ခန့်အပ်ထားသည်။စာသင်ချိန်တွင်နားမလည်သောအကြောင်းအရာများ ဂျပန်စာလေ့လာပုံလေ့လာနည်းများနှင့်နေထိုင်ရေးအခက်အခဲများကိုဆွေးနွေးတိုင်ပင်နိုင်ပါသည်။ ဂျပန်စကားဖြင့်ဆွေးနွေးတိုင်ပင်ရန်ခက်ခဲသောကိစ္စရပ်များကိုမိခင်ဘာသာစကားဖြင့် ဆွေးနွေးတိုင်ပင်နိုင်စေရန်ခန့်အပ်ထားခြင်းဖြစ်သည်။
- ဖျားခြင်းနာခြင်းနှင့်ပတ်သက်သည့်အထောက်အပံ့ပေးမူများ(ဆေးရုံတက်ခြင်း ရက်ရှည်ကျောင်းနားရက်အတွက်စီစဥ်ပေးခြင်း)
-
ဂျပန်တွင်နေထိုင်ရာ၌အမျိုးမျိုးသောအခက်အခဲများရှိလိမ့်မည်ဟုထင်သည်။ဖျားခြင်းနာခြင်းဖြစ်သည့်အချိန်တွင်ဆရာဝန်ထံရောဂါဝေဒနာအခြေအနေ ကိုပြောပြရန်အခက်အခဲရှိမည်ဟုထင်သည်။ဖျားနာချိန်တွင်ကျွန်ုပ်တို့ကျောင်းမှသူနာပြုနှင့်ဆရာများကအတူလိုက်ပါပြီး ဆရာဝန်နှင့်စကားပြောပေးခြင်း မှန်ကန်သောကုသမူကိုခံယူစေခြင်း စသည်တို့ကိုလိုက်ပါဆောင်ရွှက်ပေးပါသည်။
အဖျားကြောင့်ရက်ရှည်ကျောင်းနားရလျှင်ဆရာများကမကြာမကြာအိမ်သို့သွား၍အခြေအနေကြည့်ပေးခြင်းများကိုလည်းပြုလုပ်ပေး လျှက်ရှိသည်။
- ကျောင်းတွင်းထမင်းနှင့်ဟင်းဝန်ဆောင်မူများ
- အစ္စလာမ်ဘာသာဝင်များအတွက်ထမင်းစားဆောင်တွင်ဝက်သား၊အမဲသားMenuများကိုအမှတ်အသားဖြင့်ခွဲခြားဖော်ပြထားသည်။
- ကျောင်းအဆောင်များကိုစိစဥ်ပေးထားခြင်း
- အခန်း432ခန်းပါဝင်သည့်အဆောင်တွင်နိုင်ငံခြားပညာတော်သင်များအတွက်သီးသန့်အဆောင်များထားရှိပေးထားသည်။အနီးအနားတွင်နိုင်ငံခြားပညာတော်သင် ကျောင်းသားများသာရှိသည့်အတွက်လွတ်လပ်စွာနေထိုင်နိုင်သည်။မီးဖိုချောင်၊ရေချိုးခန်း၊ ခြေလက်ဆေးရာနေရာများကိုပါပြင်ဆင်ပေးထားပါသည်။(နိုင်ငံခြားပညာတော်သင်သူများအသုံးပြုရန် ရေချိုးခန်းနှင့်မီးဖိုချောင်များကိုတိုးချဲ့ရန်အစီအစဥ်ရှိ)
- အဆောင်စရိတ်လျော့ပေးခြင်း၊ကျောင်းမဝင်ခင်3လပိုင်းမှစ၍အဆောင်ဝင်လို့ရအောင်စီစဥ်ပေးခြင်း
- ပုံမှန်ထက်ချိုသာသောစျေးနှုန်းဖြင့်အဆောင်စီစဥ်ပေးထားခြင်း၊အပြင်ဆောင်များထက်ကုန်ကျစရိတ်သက်သာစေနိုင် သည့်အပြင်4လပိုင်းမှသာလျှင်အဆောင်ဝင်ခွင့်ပြုသည်ကိုနိုင်ငံခြားပညာတော်သင်ကျောင်းသားများကိုမူ 3လပိုင်းမှစ၍အဆောင်ဝင်နိုင်ရန်စီစဥ်ပေးထားသည်။
support 02ငွေကြေးအထောက်အပံ့များ
- JLPTလက်မှတ်ရှိရုံဖြင့်ကျောင်းစရိတ်လျော့ပေးခြင်း
-
:JLPTN3လက်မှတ်ရှိလျှင်ယန်း5သောင်းလျော့ပေးခြင်း(မှတ်ချက်:ကားပြုပြင်ရေးဘာသာရပ်၊နိုင်ငံတကာကားပြုပြင်ရေးဘာသာရပ်ကိုတက်ရောက်သူသာ)
JLPT N2လက်မှတ်ရှိလျှင်ယန်း10သောင်းလျော့ပေးခြင်း (မှတ်ချက်:ကားပြုပြင်ရေးဘာသာရပ်တက်ရောက်သူသာ)
တိုယိုတာကျောင်းတွင်တက်နေစဥ်အတွင်းကျောင်းစတင်ဝင်ရောက်သည့်နှစ်12လပိုင်းတွင်ကျင်းပသည့်JLPTစာမေးပွဲ အောင်သူကိုလည်း ကျောင်းစရိတ်လျော့ပေးသည်။
- ကျောင်းစရိတ်နှင့်အဆောင်းစရိတ်ကိုလစဥ်ပေးသွင်းနိုင်ခြင်း
- 3လပိုင်းနှင့်9လပိုင်းသည်ပုံမှန်ကျောင်းလခသွင်းရမည့်လဖြစ်သည်။အဆောင်နေသူများသည်အဆောင်စရိတ်နှင့်ကျော င်းစရိတ်ကိုလစဥ်ခွဲသွင်းနိုင်သည်။တစ်ကြိမ်ထဲပေးသွင်းရမည့်ငွေပမာဏကိုလစဥ်ပေးသွင်းစေခြင်းဖြင့်သက်သာစွာခွဲသွင်းနိုင်သည်။
- ကျောင်းတက်နေစဉ်အတွင်းJLPT N2အောင်သူများကိုဆုချခြင်း
- ကျောင်းတက်နေစဉ်အတွင်းJLPTN2အောင်သူများကိုဆုချခြင်းကိုယန်း5သောင်းထောက်ပံ့ပေးလျှက်ရှိသည်။ကျောင်းတက်နေစဉ်အတွင်းဂျပန်စာကိုဆက်လက်သင်ယူပြီးN2 N1အထိအောင်မြင်အောင်ကြိုးစားစေလိုသည်။
- ရလဒ်ကောင်းသူများအတွက်ပညာရေးထောက်ပံ့ငွေပေးခြင်း
-
ကျောင်းတွင်းကျင်းပသောစာမေးပွဲရလဒ်များအပေါ်မူတည်၍ နိုင်ငံခြားပညာသင်ကျောင်းသားများကိုပညာရေးထောက်ပံ့ငွေပေးလျှက်ရှိသည်။နိုင်ငံတကာကားပြုပြင်ရေးဘာသာရပ်တွင်အဆင့်1ရသူ၊ကားပြုပြင်ရေးဘာသာရပ်တွင်လည်းအဆင့်1ရသူအားယန်း5သောင်းထောက်ပံ့ပေးသည်။ထို့အပြင်အမှတ်ကောင်းပြီးကျောင်းနောက်ကျခြင်းမရှိ ကျောင်းပျက်ရက်မရှိသည့်ကျောင်းသားများကိုလဲနောက်ဆုံးနှစ်တွင်ယန်း5သောင်းထောက်ပံ့ပေးသည်။(မှတ်ချက်:အဆင့်1မှအဆင်5အတွင်း)
ကားနှင့်ပက်သက်သည့်နည်းပညာများကိုသေချာလေ့လာပြီးရမှတ်ကောင်းအောင်ကြိုးစားကြစေလိုသည်။
- ငွေကြေးအခက်ခဲဖြစ်နေသည့်ကျောင်းသားများအားနေစားစရိတ်အထောက်ပံ့ပေးသည့်ပရိုဂရမ်များ
- မိမိနိုင်ငံ၏နိုင်ငံရေးအခြေနေများကြောင့်နေထိုင်မူ့စရိတ်နှင့်ကျောင်းစရိတ်အခက်ခဲရှိနေသည့်ကျောင်းသားများအားနေထိုင်မှုစရိတ်ထောက်ပံ့ပေးသည်။ခိုဘေးမြို့နေFurusato တွင်အခွန်ဆောင်ထားသည့်ကျောင်းသားဖြစ်ပါကအထက်ပါထောက်ပံ့ရေးပရိုဂရမ်တွင်အကျုံး ဝင်သည်။ထောက်ပံ့ရေးငွေပမာဏမှာနှစ်အလိုက်ကွဲပြားမှုရှိသော်လဲနှစ်စဉ်ပေးဆောင်လျှက်ရှိသည်။
- နိုင်ငံခြားပညာတော်သင်ကျောင်းသားများအတွက်တရားဝင်ပညာတော်သင်ထောက်ပံ့ရေးစနှစ်
- ဂျပန်ကျောင်းသားရေးရာအဖွဲ့အစည်း(JASSO)၊Rokkouပညာသင်ဆုငွေစသဖြင့်နှစ်စဉ်များပြားသောပညာသင်ဆုငွေများကိုပေးအပ်လျှက်ရှိသည့် အဖွဲ့အစည်းများမှဆက်သွယ်လာလျှက်ရှိသည်။N2လက်မှတ်ကိုင်ဆောင်ထားသည့်ကျောင်းသားများကိုအထက်ပါအဖွဲ့အစည်းများနှင့်မိတ်ဆက်ပေးလျှက်ရှိသည်။ဂျပန်ဘာသာစကားနှင့်ကားအကြောင်းလေ့လာခြင်းများကိုတစိုက်မတ်မတ်လုက်ဆောင်ခြင်းဖြင့်ပညာတော်သင်ဆုငွေများကိုရယူနိုင်သည်။
- နိုင်ငံခြားပညာတော်သင်ကျောင်းသားများအတွက်ကုမ္မဏီများမှပေးသောပညာတော်သင်ဆုငွေများ
- ဂျပန်တစ်နိုင်ငံလုံးအတွင်းရှိတိုယိုတာကားအရောင်းဆိုင်များမှနိုင်ငံခြားပညာတော်သင်ကျောင်းသားများအားပညာတော်သင်ဆုငွေများပေးလျှက်ရှိသည်။ ကုမ္မဏီမှအလုပ်အကိုင်ကမ်းလှမ်းမူရပြီးသည့်ကျောင်းသားများအတွက်ပညာရေးထောက်ပံ့ငွေပေးခြင်းနှင့်ကြိုတင်ချေးငွေချေးပေးချင်းများကိုလည်းလုပ်ဆောင်ပေးသည့်အရောင်းဆိုင်များလဲရှိသည်။နိုင်ငံခြားကျောင်းသားများအတွက်အသေးစိပ်အချက်လက်များကိုကုမ္မဏီမှပေးသောပညာတော်သင်ထောက်ပံ့များ စာမျက်နှာတွင်ကြည့်ရှု့နိုင်သည်။
- အချိန်ပိုင်းအလုပ်မိတ်ဆက်
- ကျောင်းဝင်ခွင့်ရပြီးခိုဘေးသို့ပြောင်းလာမည့်ကျောင်းသားများအား ကျောင်းအနီးအနားမှအချိန်ပိုင်းအလုပ်များနှင့်မိတ်ဆက်ပေးပါသည်။ကျောင်းမှမိတ်ဆက်ပေးသည့် အလုပ်ဖြစ်သောကြောင့် စာနှင့်အလုပ်ကိုမျှမျှတတလုပ်နိုင်သည့်အပြင်စီနီယာနှင့်အတန်းဖော်များရှိသည့်အတွက် အဆင်ပြေချောမွေ့စွာအလုပ်လုပ်နိုင်သည်။
support 03အလုပ်အကိုင်ရှာဖွေသည့်နေရာတွင်အကူအညီပေးခြင်း
- နိုင်ငံခြားပညာတော်သင်ကျောင်း သားများကိုအလုပ်ခန့်အပ်သည့်ကုမ္ပဏီများ၏မိတ်ဆက်ပွဲများကို ကျောင်းတွင်ပြုလုပ်စေခြင်း
- ကျောင်းတွင်ပြုလုပ်သည့်ကုမ္ပဏီမိတ်ဆက်ပွဲများမှအလုပ်အကိုင်ရှာဖွေခြင်းများကိုနှစ်စဥ်9လပိုင်းတွင်စတင်သည်။ကျောင်းသားများကိုအလုပ်ခန့်မည့်ကုမ္ပဏီများသည်ကျောင်းသို့လာ၍မိမိတို့၏ကုမ္ပဏီအကြောင်းကိုမိတ်ဆက်ပေးလေ့ရှိသည်။နယ်မြေအသီးသီးမှကုမ္ပဏီများ၏အကြောင်းကိုလေ့လာပြီးအလုပ်အကိုင်ရှာဖွေခြင်းကိုစတင်နိုင်သည်။ထို့နောက်မိမိစိတ်ဝင်စားသည့်ကုမ္ပဏီသို့သွားရောက်ကြည့်ရှု့ပြီးစိတ်ဝင်စားမူရှိပါက ထိုကုမ္ပဏီတွင်အလုပ်ဝင်နိုင်သည်။မိတ်ဆက်ကုမ္ပဏီများ(2023ခုနှစ်တွင်61ကုမ္ပဏီ)
- CVဖောင်ရေးခြင်းနှင့်အင်တာဗျူးလမ်းညွန်များကို အလုပ်ခန့်သည်အထိတစ်ယောက်ချင်းသင်ပြပေးခြင်း
- ဂျပန်ဘာသာဖြင့်CVဖောင်ရေးခြင်း၊ဂျပန်စတိုင်အလုပ်အင်တာဗျူး စသည့်အကြောင်းအရာများသည်နိုင်ငံခြားပညာတော်သင်ကျောင်းသားများအနေဖြင့်မရင်းနှီးသောကြောင့် အလုပ်အကိုင်ရှာဖွေရာ၌အခက်အခဲမဖြစ်စေရန်တစ်ယောက်ချင်းသင်ပြပေးလျှက်ရှိသည်။ မိမိစိတ်ဝင်စားသည့်ကုမ္ပဏီအား ရွှေးချယ်ခြင်းမှအစဝင်ခွင့်စာမေးပွဲဖြေဆိုခြင်းနှင့်အလုပ်ခန့်အပ်ခံရသည်အထိ သေသေချာချာသင်ပြပေးသောကြောင့်အလုပ်အကိုင်ရှာဖွေခြင်းကိုအဆင်ပြေချောမွေ့စွာလုပ်နိုင်သည်။ဂျပန်နိုင်ငံတွင်သာမက မိမိနိုင်ငံတွင်အလုပ်ဝင်လိုပါကမိမိနိုင်ငံတွင်ရှိသော တိုယိုတာကုမ္ပဏီများနှင့်တိုင်ပင်ဆွေးနွေးခြင်းများကိုလည်းပြုလုပ်ပေးလျှက်ရှိသည်။
- နိုင်ငံခြားပညာတော်သင်ကျောင်းများအားအလုပ်ခေါ်ယူမူအချက်အလက်များ
- နိုင်ငံခြားပညာတော်သင်ကျောင်းသားများကိုအလုပ်ခန့်အပ်သည့် ကုမ္ပဏီများ၏အချက်အလက်များကိုစုဆောင်းထားသည်။ကျောင်းသားများသိလိုသည့်ကုမ္ပဏီများ၏အချက်အလက်များကိုအသေးစိတ်မေးကြည့်နိုင်သည်။ဥပမာ-အထောက်အပံ့များ၊ပညာရေးစနစ်များ၊နိုင်ငံခြားသားအလုပ်ခန့်အပ်ထားသည့်အရေအတွက်များ စသည့်တန်ဖိုးရှိသည့်သတင်းအချက်အလက်များကို ခိုဘေးတိုယိုတာကျောင်းတွင်တက်ရောက်ရင်းလေ့လာနိုင်သည်။
- ကုမ္ပဏီဝင်ခွင့်စာမေးပွဲနှင့်အင်တာဗျူးအမေးအဖြေအချက်အလက်များကိုစီစဥ်ပေးခြင်း
- စီနီယာများဖြေဆိုခဲ့သောဝင်ခွင့်စာမေးပွဲမေးခွန်းများ၊ အင်တာဗျူးအကြောင်းအရာများကိုကုမ္ပဏီအလိုက်စားရင်းပြုစုထားသည်။ဖြေဆိုရမည့်ကုမ္ပဏီ၏အချက်အလက်များကိုသိရှိထာခြင်းဖြင့်ဝင်ခွင့်စာမေးပွဲအတွက်ကြိုတင်ပြင်ဆင်ရာတွင်အခက်အခဲမရှိပြင်ဆင်နိုင်မည်ဖြစ်သည်။
လက်ရှိကျောင်းတက်နေသူများ၏ Review
Mg Ye Min Htet(မြန်မာနိုင်ငံသား)
နိုင်ငံတကာကားပြုပြင်ရေးဘာသာရပ် ဒုတိယနှစ်
ခိုဘေးတိုယိုတာကျောင်းမှဆရာများသည်နိုင်ငံခြားပညာတော်သင်ကျောင်းသားများနားလည်စေရန် ဖြေးဖြေးမှန်မှန်နှင့်လက်တွေ့သင်ခန်းစာများကိုသင်ကြားပေးသည်။နောက်ပြီးအလုပ်အကိုင်ရှာဖွေခြင်းနှင့်ပတ်သက်သည့်ကုမ္ပဏီသို့သွားရောက်၍ကြည့်ရှု့ရာတွင်အသုံးဝင်မည့်အချက်အလက်များကိုဝေမျှခြင်း၊CVဖောင်ရေးခြင်းနှင့် အင်တာဗျူးအစမ်းလေ့ကျင့်ခြင်းများကိုပါစနစ်တကျသင်ကြားပေးကြသည်။မိမိဝင်လိုသောကုမ္ပဏီသို့ဝင်ရောက်နိုင်သည်အထိကူညီပေးကြသည်။ဘွဲ့ရပြီးလျှင်တိုယိုတာအရောင်းဆိုင်တွင်ကားပြုပြင် အင်ဂျီနီယာအဖြစ်10နှစ်ခန့်လုပ်မည်ဟုစဥ်းစားထားပြီး၊ထို့အတွေ့အကြုံများကိုအသုံးချပြီးမြန်မာနိုင်ငံတွင် ကားပြုပြင်ရေးကုမ္ပဏီကိုတည်ထောင်ချင်သည်။
Mg Shan Chibu(တရုတ်နိုင်ငံသား)
နိုင်ငံတကာကားပြုပြင်ရေးဘာသာရပ် ပထမနှစ်
ခိုဘေးတိုယိုတာကျောင်းတွင်ကားနှင့်ပတ်သက်သောအသိပညာများကိုစနစ်တကျလေ့လာအပြီးကားကိုပိုမိုနှစ်သက်လာခဲ့သည်။ပေါင်းသင်းဆက်ဆံရေးလည်းကျယ်ပြန့်လာခဲ့သည်။အနာဂတ်တွင်တာဝန်ယူတတ်ပြီးအားကိုးရသည့်ကားပြုပြင်ရေးအင်ဂျင်နီယာတစ်ယောက်ဖြစ်လိုသည်။
Mg Hossen Emdee Saruar(ဘင်းကလားဒေ့နိုင်ငံသား)
နိုင်ငံတကာကားပြုပြင်ရေးဘာသာရပ် ဒုတိယနှစ်
ခိုဘေးတိုယိုတာကျောင်းသည်အမျိုးမျိုးသောသင်ထောက်ကူကားများကိုထားရှိထားပြီး ကားပြုပြင်အင်နီယာတစ်ယောက်ဖြစ်လာရန်နည်းစနစ်နှင့်အသိပညာများကိုလေ့ကျင့်သင်ကြားပေးနေသည့်နေရာဖြစ်သည်။ကျောင်းနှင့်ဘော်ဒါဆောင်ကပ်နေသောကြောင့်ကျောင်းအသွားအပြန်ကုန်မည့်အချိန်ကို အလုပ်နှင့်စာတွင်အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်သည်။ဘော်ဒါဆောင်တွင်ဖြစ်စေ၊ကျောင်းတွင်ဖြစ်စေ ဂျပန်လူမျိုးများသာမက နိုင်ငံတကာကျောင်းသားများနှင့်လည်းမိတ်ဆွေဖွဲ့ရင်းပျော်ပျော်ရွှင်ရွှင်ကျောင်းတက်နိုင်သည်။အနာဂတ်တွင်တိုယိုတာအရောင်းဆိုင်တွင်ကားပညာကိုလေ့လာပြီးProfessionalကားပြုပြင်အင်ဂျင်နီယာတစ်ယောက်ဖြစ်ချင်သည်။
Mg Tapa Magar Kamal(နီပေါနိုင်ငံသား)
နိုင်ငံတကာကားပြုပြင်ရေးဘာသာရပ်
ခိုဘေးတိုယိုတာကျောင်းမှဆရာများ၏သင်ကြားပြသမူကြောင့်ဂျပန်ဘာသာစကားနှင့် ကားအကြောင်းများကိုနက်နက်နဲနဲသိရှိလာရသည်။ဘော်ဒါဆောင်တွင်နေထိုင်သောကြောင့် ကျောင်းအသွားအပြန်အချိန်မကုန်သည့်အပြင်တိတ်ဆိတ်သောပတ်ဝန်းကျင်ဖြစ်သောကြောင့် အာရုံစူးစိုက်ပြီးစာလေ့လာနိုင်သည်။ကားအကြောင်းကိုပိုမိုလေ့လာပြီးကျွန်းကျင်ကားပြုပြင်အင်ဂျီနီယာတစ်ယောက်ဖြစ်လာအောင်ကြိုးစားသွားချင်သည်။
ကျောင်းတက်နေသည့်နိုင်ငံတကာကျောင်းသားဦးရေ
နိုင်ငံသား | ကျောင်းသားအားလုံးအရေအတွက် | နိုင်ငံတကာကားပြုပြင်ရေးဘာသာရပ် | ကားပြုပြင်ရေးဘာသာရပ် | အဆင့်မြင့်ကားပြုပြင်ရေးဘာသာရပ် | ကားပြုပြင်နှင့်ကားဘော်ဒီပိုင်းပြုပြင်ဘာသာရပ် ※ | ဘွဲ့ရကျောင်းသားများ |
---|---|---|---|---|---|---|
ဗီယက်နမ် | 84 | 69 | 14 | 0 | 1 | 156 |
နီပေါ | 38 | 36 | 2 | 0 | 0 | 11 |
ဘင်္ဂလားဒေ့ရှ် | 33 | 30 | 3 | 0 | 0 | 5 |
မြန်မာ | 24 | 14 | 10 | 0 | 0 | 5 |
တရုတ် | 14 | 4 | 8 | 2 | 0 | 43 |
သီရိလင်္ကာ | 9 | 8 | 1 | 0 | 0 | 6 |
အင်ဒိုနီးရှား | 4 | 3 | 1 | 0 | 0 | 5 |
တောင်ကိုရီးယား | 2 | 0 | 2 | 0 | 0 | 4 |
မလေးရှား | 1 | 0 | 1 | 0 | 0 | 2 |
ဂျပန်/ဖိလစ်ပိုင် | 1 | 1 | 0 | 0 | 0 | 0 |
ထိုင်း | 0 | 0 | 0 | 0 | 0 | 1 |
စုစုပေါင်း | 210 | 165 | 42 | 2 | 1 | 238 |
2024ခုနှစ်မှကျွမ်းကျင်အင်ဂျီနီယာဘာသာရပ်အဖြစ်ပြောင်းလဲ
နိုင်ငံခြားပညာတော်သင်ကျောင်းသားမျးအတွက်ပွဲလမ်းအစီအစဥ်များ
နိုင်ငံခြားပညာတော်သင်ကျောင်းသားများအတွက် သီးသန့်ကျောင်းမိတ်ဆက်ပွဲများ
တိုယိုတာကုမ္ပဏီမှတိုက်ရိုက်ဖွင့်လစ်သည့်ကျောင်းဖြစ်သည့်အလျှောက်အမျိုးမျိုးသောကားအမျိုးအစားများဖြင့်လက်တွေ့လေ့လာနိုင်သည်။ရှားပါးသည့်ကားများကိုစီးနှင်းနိုင်ပြီး၊ကားဝါသနာရှင်များအနေဖြင့် ကျွန်ုပ်တို့၏ကျောင်းမိတ်ဆက်ပွဲသို့လာတက်ရောက်စေလိုသည်။
အွန်လိုင်းမှဆွေးနွေးတိုင်ပင်နိုင်ခြင်း
Zoomကိုအသုံးပြုပြီးကွန်ဗျူတာဖြင့်ဖြစ်စေဖုန်းဖြင့်ဖြစ်စေ မိမိသိလိုသောအကြောင်းအရာများကိုမေးမြန်းနိုင်သည်။(ဥပမာ.ကျောင်းအကြောင်း၊ နိုင်ငံခြားပညာတော်သင်ကျောင်းသားများ၏အခြေအနေများ)
Mon to Friday ကျောင်းသို့လာရောက်ကြည့်ရှု့နိုင်
ကြားရက်တွင်ကျောင်းသို့လာရောက်ခြင်းဖြင့်သင်ခန်းစာများနှင့် လက်တွေ့သင်ကြားခြင်းများကိုလေ့လာနိုင်သည်။ ကျောင်းကိုကြည့်ရှု့ပြီးနောက်၊တစ်ဦးချင်းတိုင်ပင်ဆွေးနွေးခြင်းများလည်းပြုလုပ်နိုင်သည်။ ကျောင်းဝင်ခွင့်စားမေးပွဲနှင့်ကျောင်းစရိတ်များ၊ကျောင်းရွှေးချယ်ရာတွင်အသုံးဝင်မည့်အကြာင်းအရာများကိုအသေးစိတ်တိုင်ပင်နိုင်သည်။
ခေါ်ယူသောဘာသာရပ်များ
- N3Level ကျောင်းသားများ(3နှစ်အတန်း)
- အရေအတွက် 110ဦး
- N2Levelကျောင်းသားများ(2နှစ်အတန်း)
- အရေအတွက်100ဦး
ကျောင်းစရိတ်၊ ကုန်ကျစရိတ်အထောက်အပံ့များ
ကျောင်းစရိတ်သက်သာခြင်း!
နိုင်ငံတကားကားပြုပြင်ရေးဘာသာရပ်အတွက်ပထမနှစ်တွင်ပေးသွင်းရမည့်ငွေပမာဏမှာ 74သောင်းခန်းသာဖြစ်ပြီးဒုတိယနှစ်နှင်တတိယနှစ်မှာ83သောင်းခန့်သာရှိသည်။သာမန်အသက်မွေး ဝမ်းကျောင်းများသည်ပင်သောင်း100မှ110ကြားရှိသည်။ 70%သောငွေပမာဏဖြင့်တိုယိုတာ၏အဆင့်မြင့်နည်းပညာများကိုမိမိတို့ကျောင်းတွင်လေ့လာနိုင်သည်။ထို့အပြင် နိုင်ငံတကာကားပြုပြင်ရေးဘာသာရပ်တွင်3နှစ်တာစာသင်ချိန်သည်နာရီပေါင်း3050ရှိပြီး၊ ကားပြုပြင်ရေးဘာသာရပ်တွင်မူနာရီပေါင်း2160သာရှိသည့်အတွက်1.5 (တစ်ဆခွဲခန့်)ပိုနေသောအချိန်ဖြင့်ကားနှင့်ပတ်သက်သည့်အသိပညာနှင့်နည်းပညာများကို အသေးစိတ်စနစ်တကျလေ့လာနိုင်သည်။
ကျောင်းစရိတ်(နိုင်ငံတကာကားပြုပြင်ရေးဘာသာရပ်၊3နှစ်အတန်း)
ပညာသင်နှစ် | ကျောင်းဝင်ကြေး | တစ်နှစ်စာကျောင်းစရိတ် | ပစ္စည်းဝယ်ယူရန်စရံငွေ |
---|---|---|---|
ပထမနှစ် | ¥250,000 | ¥740,000 | ¥26,000 |
ဒုတိယနှစ် | - | ¥830,000 | ¥11,000 |
တတိယနှစ် | - | ¥830,000 | ¥42,000 |
3နှစ်တာစုစုပေါင်း | ¥2,729,000 |
ကျောင်းစရိတ်(ကားပြုပြင်ရေးဘာသာရပ်၊2နှစ်အတန်း)
ပညာသင်နှစ် | ကျောင်းဝင်ကြေး | တစ်နှစ်စာကျောင်းစရိတ် | ပစ္စည်းဝယ်ယူရန်စရံငွေ |
---|---|---|---|
ပထမနှစ် | ¥250,000 | ¥1,060,000 | ¥18,000 |
ဒုတိယနှစ် | - | ¥1,060,000 | ¥42,000 |
2နှစ်တာစုစုပေါင်း | ¥2,430,000 |
ပညာသင်ဆုငွေ
ကျောင်းပြီးဆုံးသည်အထိဆက်တက်ရန်အခက်အခဲရှိသည့်ပညာရည်ချွန်ထူးချွန်ကျောင်းသားများအား ပညာသင်ဆုငွေများ ထောက်ပံ့ပေးလျှက်ရှိသည်။
ဘာသာရပ်ဆိုင်ရာအထောက်အပံ့များ
ပံ့ပိုးအအဖွဲ့အစည်း | ဂျပန်ကျောင်းသားများကိုပံ့ပိုးပေးသည့်အမှီအခိုကင်းJASSOအဖွဲ့အစည်း |
---|---|
အကျိုးခံစားခွင့်ပမာဏ | တစ်လ 48000ယန်း |
အကျိုးခံစားခွင့်ကာလ | 12လ သို့မဟုတ် 6လ |
ပေးအပ်သည့်လူဦးရေ |
2024ခုနှစ် 12လအတွက် 9ဦး၊6လအတွက်2ဦး 2023ခုနှစ် 12လအတွက် 2ဦး၊6လအတွက်2ဦး |
Rokkouပညာသင်ဆု
ပံ့ပိုးအအဖွဲ့အစည်း | ခိုဘေးကျောင်းသားလူငယ်စင်တာ |
---|---|
အကျိုးခံစားခွင့်ပမာဏ | တစ်လ ယန်း50000 |
အကျိုးခံစားခွင့်ကာလ | 12လ |
ပေးအပ်သည့်လူဦးရေ | 2024ခုနှစ်အတွက် 1ဦး |
ကုမ္ပဏီမှပေးသောပညာသင်ဆုငွေ
ကျောင်းလခချေးငွေအား ကျောင်းပြီးလျှင်မိမိဝင်ရောက်မည့်ကုမ္ပဏီထံမှချေးငွေကိုပထမနှစ်မှစ၍ရယူနိုင်သည်။(ချို့ယွင်းချက်:နိုင်ငံတကာကားပြုပြင်ရေးဘာသာရပ်မှာ ဒုတိယနှစ်မှရယူနိုင်မည်)
ပြန်လည်ပေးဆောင်ရမည့်ပမာဏမှာ ကုမ္ပဏီအမျိုးအစားနှင့်မိမိကျောင်းပညာအရည်အချင်းရလဒ်အပေါ်မူတည်ပြီးကွဲပြားမူရှိသည်။
အသေးစိတ်သိလိုပါက:0120-763-124သို့ဆက်သွယ်မေးမြန်းနိုင်သည်။
ကုမ္ပဏီနာမည် | ခရိုင်များ | ချေး ငွေပမာဏ | မှတ်ချက်များ |
---|---|---|---|
Osaka Daihatsu Sales Co., Ltd | Osakaခရိုင် | အလုပ်ခန့်အပ်ပြီးနောက်သောင်း60 | လုပ်သက်5နှစ်ပြည့်လျှင်ကျန်ရှိငွေ ကင်းလွတ်ခွင့်ရှိ |
Kyoto Daihatsu Sales Co., Ltd | Kyotoခရိုင် | အလုပ်ခန့်အပ်ပြီးနောက်သောင်း60 | လုပ်သက်5နှစ်ပြည့်လျှင်ကျန်ရှိငွေ ကင်းလွတ်ခွင့်ရှိ |
Toyota Mobility Shia Co., Ltd | Shigaခရိုင် | အလုပ်ခန့်အပ်ပြီးနောက်သောင်း50 | ကျောင်းစာမေးပွဲရလဒ်အပေါ်မူတည်ပြီး ပြန်ပေးရန်မပေးရန်ဆုံးဖြတ်မည် |
Nets Toyota Okayama Co., Ltd | Okayamaခရိုင် | အလုပ်ခန့်အပ်ပြီးနောက်သောင်း50 | လုပ်သက်3နှစ်ပြည့်လျှင်ကျန်ရှိငွေ ကင်းလွတ်ခွင့်ရှိ |
Nets Toyota Sanyo Co., Ltd | Okayamaခရိုင် | အလုပ်ခန့်အပ်ပြီးနောက်သောင်း50 | လုပ်သက်3နှစ်ပြည့်လျှင်ကျန်ရှိငွေ ကင်းလွတ်ခွင့်ရှိ |
Toyota L&F Hiroshima Co., Ltd | Hiroshimaခရိုင် | အလုပ်ခန့်အပ်ပြီးနောက်သောင်း50 | လုပ်သက်5နှစ်ပြည့်လျှင်ကျန်ရှိငွေ ကင်းလွတ်ခွင့်ရှိ |
Kagawa Daihatsu Motors Co., Ltd | Kagawaခရိုင် | အလုပ်ခန့်အပ်ပြီးနောက်သောင်း125 | လုပ်သက်5နှစ်ပြည့်လျှင်ကျန်ရှိငွေ ကင်းလွတ်ခွင့်ရှိ |
Ehime Toyota Motor Co., Ltd | Ehimeခရိုင် | အလုပ်ခန့်အပ်ပြီးနောက်သောင်း74 | လုပ်သက်3နှစ်ပြည့်လျှင်ကျန်ရှိငွေ ကင်းလွတ်ခွင့်ရှိ |
Toyota Corolla Fukui Co., Ltd | Fukuiခရိုင် | အလုပ်ခန့်အပ်ပြီးနောက်သောင်း30ထောက်ပံ့ပေး | 3နှစ်မပြည့်ပဲအလုပ်ထွက်လျှင် ပြန်လည်ပေးဆောင်ရမည် |
Aichi Daihatsu Sales Co., Ltd | Aichiခရိုင် | အလုပ်ခန့်အပ်ပြီးနောက်သောင်း60 | လုပ်သက်5နှစ်ပြည့်လျှင်ကျန်ရှိငွေ ကင်းလွတ်ခွင့်ရှိ |
Numazu Daihatsu Sales Co., Ltd | Shisuokaခရိုင် | အလုပ်ခန့်အပ်ပြီးနောက်သောင်း60 | လုပ်သက်5နှစ်ပြည့်လျှင်ကျန်ရှိငွေ ကင်းလွတ်ခွင့်ရှိ |
Kanagawa Daihatsu Sales Co., Ltd | Kanagawaခရိုင် | အလုပ်ခန့်အပ်ပြီးနောက်သောင်း50 | လုပ်သက်3နှစ်ပြည့်လျှင်ကျန်ရှိငွေ ကင်းလွတ်ခွင့်ရှိ |
Saitama Daihatsu Sales Co., Ltd | Saitamaခရိုင် | အလုပ်ခန့်အပ်ပြီးနောက်သောင်း50 | လုပ်သက်3နှစ်ပြည့်လျှင်ကျန်ရှိငွေ ကင်းလွတ်ခွင့်ရှိ |
-
ကျောင်းသားခေါ်ယူ
ရေးလမ်းညွန်များ- ဝင်ခွင့်စာမေးပွဲကျင်းပမည့်ရက်၊ကျင်းပမည့်နေရာ
- အမေးအဖြေဘာသာရပ်၊လျှောက်လွာတင်ရန်လိုအပ်သည့်အရည်အချင်းများ
- လျှောက်လွာတင်ရန်လုပ်ထုံးလုပ်နည်းများ
သည်နေရာမှကြည့်နိုင်သည် -
ကျောင်းအတွင်းကျောင်းသားနေထိုင်မူဘဝ
နိုင်ငံခြားပညာတော်သင်ကျောင်းသားများ Facbookစာမျက်နှာ
-
နိုင်ငံတကာကျောင်းသားရေးရာဌာနမှဆရာများက
ကျောင်းမိတ်ဆက်အကြောင်းအရာများကိုရှင်းပြပေးမည်ဖြစ်၍သိလိုသည်များကိုမေးမြန်းနိုင်ခြင်း
ပွဲကျင်းပရာတွင်ပါဝင်လိုပါကဒီ
နေရာမှလျှောက်တင်နိုင်သည်
မေးမြန်းရန်
ပြည်ပမှမေးမြန်းလိုပါက
သို့ဆက်သွယ်မေးမြန်းနိုင်သည်
(Sat.Sundayနှင့်အစိုးရရုံးပိတ်ရက်များမပါ)
အင်္ဂလိပ်စကားပြောနိုင်သူနှင့်ဖုန်းပြောနိုင်သည်။ဖုန်းအပြောင်းအလွှဲရှိသည့်အတွက်စောင့်ဆိုင်းချိန်ကြာတတ်သည်။