本文へ移動

နိုင်ငံခြားပညာတော်သင်
ကျောင်းသားများ

Language Change

အားသာချက်6ချက်

ဂျပန်နိုင်ငံသို့ပညာတော်သင်လာရောက်သူများမှပေးသောဆုကို2024ခုနှစ်မှာရရှိ

ဂျပန်စာသင်ကျောင်းမှဆရာများမှရွှေးချယ်သောနိုင်ငံခြားပညာတော်သင်ကျောင်းသားများအနေနှင့်ဆက်ပြီးကျောင်းတက်လိုသည့်ကျောင်းများထဲမှနည်းပညာအသက်မွှေးမှုကျောင်း၊နည်းပညာနှင့်ဆိုင်သောဌာနအဖြစ် တိုယိုတာကရွှေးချယ်ခံခဲ့ရပါသည်။

ဂျပန်ပညာတော်သင်ဆု

အိုဆာခါ လူဝင်မှုကြီးကြပ်ရေးဌာနမှ ပြီးပြည့်စုံသော ကျောင်းအဖြစ် ရွေးချယ်ခြင်းခံထားရပါသည်

ပြီးပြည့်စုံသောကျောင်းဆိုသည်မှာ လူဝင်မှုကြီးကြပ်ရေးဌာနမှ ပညာတော်သင်ကျောင်းသားများ၏ ပြည်ဝင်ခွင့် ၊ နေထိုင်ခွင့်များကိုတိကျမှန်ကန်စွာစိစစ်ပေးသည့် ပညာရေးဌာန များကိုသာလျှင်ရွေးချယ်ပေးအပ်ခြင်းဖြစ်ပါသည်။
ကျွန်တော်တို့ တက္ကသိုလ် ဘက်မှလဲ ပညာတော်သင်ကျောင်းသားများအတွက်အလွယ်တကူလေ့လာနိုင်သော ပတ်ဝန်းကျင်တစ်ခုဖန်တီးနိုင်ရန် အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားပါမည့်။

ပညာရေးဌာနအဖြစ်ရွှေးချယ်ခံရခြင်း(လူဝင်မှုကြီးကြပ်ရေးဌာန)

တိုယိုတာနှင့်ပတ်သက်သောလုပ်ငန်းများတွင်အလုပ်ဝင်နိုင်ခြင်း

တိုယိုတာနှင့်ပတ်သက်သောလုပ်ငန်းများတွင် အလုပ်ဝင်နိုင်သည့်ရာခိုင်နှုန်း 100%

2005ခုနှစ်3လပိုင်းမှ2025ခုနှစ်3လပိုင်း
ဘွဲ့ရသူများ၏အနာဂတ်အခြေအနေ
နိုင်ငံခြားပညာတော်သင်ကျောင်းသား238ဦးအနက်
အလုပ်ဝင်သည့်ကုမ္ပဏီမှတာဝန်ရှိသူ
Toyota Mobility Shin-Osaka Co., Ltd စီမန်ခန့်ခွဲရေးမာန်နေဂျာMasaaki Mizuhata

ကျွန်ုပ်တို့ကုမ္ပဏီတွင်နိုင်ငံခြားပညာတော်သင်ကျောင်းသားအများအပြားကို အလုပ်ခေါ်ယူလျှက်ရှိပါသည်။2017မှ2024ထိ65ဦးကိုအလုပ်ခန့်ထားနိုင်ခဲ့သည်။ရိုးရိုးသားသားနှင့်အလုပ်ကြိုးစားမူရှိသောကြောင့်ကုမ္ပဏီအတွက်အတော်ပင်အင်အားဖြစ်ရပါသည်။အထူးသဖြင့်တိုယိုတာခိုဘေးကျောင်းမှဘွဲ့ရသူများသည် အလွန်စာကြိုးစားပြီးဂျပန်စကားကိုလည်လည်ဝယ်ဝယ်ပြောနိုင်ကြသည်။ ထို့အပြင်ကားနှင့်ပတ်သက်သည့်ဗဟုသုတနှင့်နည်းစနစ်ပိုင်းများကို အသေအချာလေ့လာထားမူကြောင့်စိတ်အေးအေးနှင့်အလုပ်ခန့်လျှက်ရှိပါသည်။တိုယိုတာခိုဘေးကျောင်းတွင် ကျောင်းလာတက်မည့်အချိန်ကိုပျော်ရွှင်စွာစောင့်နေပါသည်။

ဘွဲ့ရပြီးကျောင်းသားမှ
Netz Toyota Yasaka Corporation Mg Do Quyen Hieu (ဗီယနမ်နိုင်ငံသား)

ကားပြုပြင်ရေးဘာသာရပ်မှ2021ခုနှစ်တွင်ဘွဲ့ရခဲ့သူ 

ယခုလက်ရှိNetsuToyotaYasakaတွင်ကားပြုပြင်ရေးအင်ဂျီနီယာတစ်ယောက်အနေဖြင့်အလုပ်လုပ်နေပါသည်။တိုယိုတာခိုဘေးကျောင်းတွင်ဂျပန်ဘာသာစကား၊ကားပြုပြင်ရေးအသိပညာနှင့်လက်တွေ့လုပ်ဆောင်မှုများကိုလေ့လာခဲ့ရပါသည်။ထိုအတွေ့အကြုံများသည်လက်ရှိအလုပ်တွင်အထောက်အကူပြုလျှက်ရှိသည်။တိုယိုတာခိုဘေးကျောင်းသည်အလုပ်ရပြီးသည့်တိုင် အလုပ်တွင်အခက်အခဲမရှိစေရန်ကူညီပေးသည့်ကျောင်းကောင်းတစ်ကျောင်းဖြစ်သောကြောင့် ကားဝါသနာရှင်များအနေဖြင့်တက်သင့်သည့်ကျောင်းဖြစ်ပါသည်။ဘွဲ့ရပြီးနောက်တွင်သင်တို့နှင့်အတူအလုပ်လုပ်ချင်ပါသေးသည်။

Toyota Corolla Hyogo Corporation Mg Le Truong Goc Dinh (ဗီယနမ်နိုင်ငံသား)

နိုင်ငံတကာကားပြုပြင်ရေးဘာသာရပ်2023ခုနှစ်တွင်ဘွဲ့ရခဲ့သူ 

တိုယိုတာခိုဘေးကျောင်းမှဆရာများ၏ကူညီပံ့ပိုးပေးမူဖြင့်နိုင်ငံခြားပညာတော်သင်ကျောင်းသားတစ်ယောက်အနေဖြင့်အခက်အခဲမရှိပညာသင်ကြားခဲ့ရပါသည်။ဗီဇာလျှောက်ပေးခြင်း၊အလုပ်ရှာပေးခြင်းများအပြင်သင်ကြားရေးနည်းစနစ်ပိုင်းတွင်လည်းနာမည်ကြီးသည့်ကျောင်းတစ်ကျောင်းဖြစ်ပါသည်။6လ၊12လ၊24လ တစ်ခါကားစစ်သည့်သင်ကြားပို့ချရေးအတန်းတွင်စနစ်တကျလေ့ကျင့်သင်ကြားပေးမူကြောင့်အလုပ်တွင်အခက်အခဲမရှိလုပ်နိုင်နေပါသည်။တိုယိုတာခိုဘေးကျောင်းတွင်ကျောင်းတက်ကြမည့်သူများကိုစားကြိုးစားကြဖို့တိုက်တွန်းလိုပါသည်။

အလုပ်ဝင်နိုင်သည့်ကုမ္ပဏီများ

ဂျပန်တွင်အလုပ်ရှာပါ
Hyogo Toyota Motor Co., Ltd / Kobe Toyopet Co., Ltd / Toyota Corolla Kobe Co., Ltd / Toyota Corolla Hyogo Co., Ltd / Netz Toyota Kobe Co., Ltd / Netz Toyota Hyogo Co., Ltd / Osaka Toyota Motor Co., Ltd / Osaka Toyopet Co., Ltd / Toyota Corolla Nankai Co., Ltd / Toyota Mobility Shin-Osaka Co., Ltd / Netz Toyota Osaka Co., Ltd / Kyoto Toyota Motor Co., Ltd / Kyoto Toyopet Co., Ltd / Toyota Corolla Kyoto Co., Ltd / Netz Toyota Yasaka Co., Ltd / Toyota Mobility Shiga Co., Ltd / Netz Toyota Okayama Co., Ltd / Netz Toyota Sanyo Co., Ltd / Toyota L&F Okayama Co., Ltd / Toyota L&F Hiroshima Co., Ltd / Yamaguchi Toyopet Co., Ltd / Ehime Toyota Motor Co., Ltd / Netz Toyota Ehime Co., Ltd / Toyota Corolla Fukui Co., Ltd / AT Group Co., Ltd / NTP Nagoya Toyopet Co., Ltd / Toyota Corolla Nagoya Co., Ltd / Saitama Toyopet Co., Ltd / Kanagawa Toyota Motor Co., Ltd / Waynes Toyota Kanagawa Co., Ltd / Osaka Daihatsu Sales Co., Ltd / Shiga Daihatsu Sales Co., Ltd / Kyoto Hino Motors Co., Ltd / FT Techno Co., Ltd / Hino Motors Co., Ltd / Toyota Kobe Maintenance Academy
တရုတ်နိုင်ငံ
Toyota Motor Corporation (China) Investment Co., Ltd / Toyota Motor Corporation Research and Development Center (China) Co., Ltd / FAW Toyota Motor Sales Co., Ltd / GAC Toyota Motor Co., Ltd
ဗီယနမ်နိုင်ငံ
Vietnam Toyota Co., Ltd

အသိအမှတ်ပြုလက်မှတ်ရယူရာတွင်အားသာချက်ရှိခြင်း

နိုင်ငံအသိအမှတ်ပြုလက်မှတ်ရယူ
ရာ၌အောင်ချက်မြင့်မားခြင်း
နိုင်ငံအသိအမှတ်ပြုကားပြုပြင်ရေးအဆင့်2 2005ခုနှစ်မှနိုင်ငံခြားပညာတော်သင်ကျောင်းသားအောင်ချက်ရာခိုင်နှုန်း100%

ကားစစ်ခြင်း၊ပြုပြင်ခြင်း၊ပျက်သည့်အကြောင်းအရာများကိုရှာဖွေခြင်း စသည့်ပြုပြင်ရေးနှင့်ပတ်သက်သည့်အသိပညာနှင့်နည်းပညာများကိုအသိအမှတ်ပြုသည့်လက်မှတ်ကို ကျွန်ုပ်တို့ကျောင်းသည် ကုန်းလမ်းပို့ဆောင်ရေးဌာနမှခွင့်ပြုချက်ရထားသောကျောင်းဖြစ်သောကြောင့်လက်တွေ့စာမေးပွဲဖြေစရာမလိုပဲ စာတွေ့ဖြေရုံဖြင့်အောင်လက်မှတ်ရယူနိုင်သည့်ကျောင်းဖြစ်သည်။ ဝါရင့်ဆရာများ၏သင်ကြားပေးမူကြောင့်နှစ်စဥ်အောင်ချက်100%ဖြင့်ရပ်တည်လျှက်ရှိသည်။

ကမ္ဘာတစ်ဝှမ်းတွင်အသုံးပြုနိုင်သောတို
ယိုတာအသိအမှတ်ပြုလက်မှတ်
တိုယိုတာကားပြုပြင်ရေးအဆင့်3 TEAM-GPရဲ့G3ပြီးရုံဖြင့်အဆင့်3လက်မှတ်ကို100% ရယူနိုင်ခြင်း

တိုယိုတာအသိအမှတ်ပြုသည့်အထောက်အထားလက်မှတ်သည်အဆင့်4မှအဆင့်1အထိ အဆင့်4ဆင့်ရှိပြီးကားပြုပြင်ရေးဘာသာရပ်နှင့်နိုင်ငံတကာကားပြုပြင်ရေးဘာသာရပ်နှင့်ဘွဲ့ရသူများအနေနှင့်G3ကိုရရှိမည်ဖြစ်သည်။ကျွန်ပ်တို့ကျောင်းတွင်နိုင်ငံပေါင်း70ကျော်မှအင်ဂျင်နီယာများအသုံးပြုသည့်သင်ယူလေ့လာရေးTEAM-GPကိုလက်တွေ့အသုံးပြုပြီးအသိအမှတ်ပြုလက်မှတ်များကိုရယူနိုင်ပါသည်။TAEM-GPသည်တစ်ကမ္ဘာလုံးတွင်အသုံးပြုနေသောကားနှင့်ပတ်သက်သည့်လေ့လာရေးဆိုင်ရာအချက်အလက်များပါဝင်သောကြောင့်ကမ္ဘာလုံးဆိုင်ရာနည်းပညာအင်းအားတရပ်ဟုဆိုနိုင်သည်။

ဂျပန်နိုင်ငံ၏ထိပ်တန်းအဆင့်ပညာရေးနယ်ပယ်

တိုယိုတာမှတိုက်ရိုက်ဖွင့်သည့်ကျောင်းဖြစ်သည့်အလျှောက်!
လက်တွေ့သင်ရိုးညွန်းတမ်းများပါဝင်သောကြောင့်ဘွဲ့ရပြီးလျှင်ချက်ခြင်းအသုံးပြုနိုင်ခြင်း

ကျောင်းသားအားလုံးကိုကြည့်ပြီး၊ထိပြီး၊ခံစားပြီးလေ့လာနိုင်သည့်ပညာရေးစနစ်ဖြင့်သင်ကြားပေးနေသည်။မြောက်များစွာသောသင်ထောက်ကူပစ္စည်းများကိုအသုံးပြုပြီးလက်တွေ့လုပ်ဆောင်ခြင်းများကိုအကြိမ်ကြိမ်ပြုလုပ်စေခြင်းဖြင့် အလုပ်ဝင်ရာ၌အခက်အခဲမရှိ အလုပ်လုပ်နိုင်သည်အထိသင်ကြားပေးနေပါသည်။

နိုင်ငံခြားပညာတော်သင်ကျောင်းသားများကိုထောက်ပံ့ပေးသည့်အချက်3ချက်

support 01နေထိုင်မူအထောက်အပံ့များ

ဗီဇာသက်တမ်းတိုးလျှောက်ပေးခြင်း၊ဗီဇာလျှောက်ရန်လိုအပ်သည့်ပြင်ဆင်မူများကိုစီစဥ်ပေးခြင်း
လူဝင်မူကြီးကြပ်ရေးဌာနမှအသိအမှတ်ပြုဆရာမှ ဗီဇာလျှောက်ရန်လိုအပ်သည့်စာရွှက်စာတမ်းများကိုပြင်ဆင်ပေးခြင်း
ဗီဇာသက်တမ်းတိုးခြင်း၊ဗီဇာအမျိုးအစားပြောင်းလဲခြင်းများကိုပြုလုပ်ပေးလျှက်ရှိပြီး အိမ်ထောင်ပြုပြီးကလေးမွှေးပြီးလျှင်မိသားစုလိုက်နေထိုင်ခွင့်ဗီဇာများကိုလည်းဆောင်ရွှက်ပေးလျှက်ရှိသည်။
ဂျပန်စာအရည်အချင်းစစ်စာမေးပွဲတွင်အောင်မြင်စေရန် JLPTအတွက်ပြင်ဆင်ပေးခြင်း
နိုင်ငံတကာကားပြုပြင်ရေးဘာသာရပ်အတန်းတွင်ပထမနှစ်အတွက်နာရီ400အထက်ဂျပန်စာသင်ကြားပေးခြင်း၊ကားနှင့်ဆိုင်သောသင်ပြပို့ချမူသာမကဂျပန်တွင်အလုပ်ဝင်နိုင်ရန်လိုအပ်သည့်JLPTN2အောင်စေရန်အတွက်ပြင်ဆင်ပေးခြင်း များကိုပြုလုပ်ပေးလျှက်ရှိပါသည်။
ဗီယနမ်လူမျိုးနှင့်မြန်မာလူမျိုးကိုဆရာအဖြစ်အလုပ်ခန့်အပ်ထားခြင်း
ကျွန်ုပ်တို့ကျောင်းမှဘွဲ့ရခဲ့သည့်ဗီယနမ်လူမျိုးနှင့်မြန်မာလူမျိုးကိုကျောင်းဆရာအဖြစ်ခန့်အပ်ထားသည်။စာသင်ချိန်တွင်နားမလည်သောအကြောင်းအရာများ ဂျပန်စာလေ့လာပုံလေ့လာနည်းများနှင့်နေထိုင်ရေးအခက်အခဲများကိုဆွေးနွေးတိုင်ပင်နိုင်ပါသည်။ ဂျပန်စကားဖြင့်ဆွေးနွေးတိုင်ပင်ရန်ခက်ခဲသောကိစ္စရပ်များကိုမိခင်ဘာသာစကားဖြင့် ဆွေးနွေးတိုင်ပင်နိုင်စေရန်ခန့်အပ်ထားခြင်းဖြစ်သည်။
ဖျားခြင်းနာခြင်းနှင့်ပတ်သက်သည့်အထောက်အပံ့ပေးမူများ(ဆေးရုံတက်ခြင်း ရက်ရှည်ကျောင်းနားရက်အတွက်စီစဥ်ပေးခြင်း)
ဂျပန်တွင်နေထိုင်ရာ၌အမျိုးမျိုးသောအခက်အခဲများရှိလိမ့်မည်ဟုထင်သည်။ဖျားခြင်းနာခြင်းဖြစ်သည့်အချိန်တွင်ဆရာဝန်ထံရောဂါဝေဒနာအခြေအနေ ကိုပြောပြရန်အခက်အခဲရှိမည်ဟုထင်သည်။ဖျားနာချိန်တွင်ကျွန်ုပ်တို့ကျောင်းမှသူနာပြုနှင့်ဆရာများကအတူလိုက်ပါပြီး ဆရာဝန်နှင့်စကားပြောပေးခြင်း မှန်ကန်သောကုသမူကိုခံယူစေခြင်း စသည်တို့ကိုလိုက်ပါဆောင်ရွှက်ပေးပါသည်။
အဖျားကြောင့်ရက်ရှည်ကျောင်းနားရလျှင်ဆရာများကမကြာမကြာအိမ်သို့သွား၍အခြေအနေကြည့်ပေးခြင်းများကိုလည်းပြုလုပ်ပေး လျှက်ရှိသည်။
ကျောင်းတွင်းထမင်းနှင့်ဟင်းဝန်ဆောင်မူများ
အစ္စလာမ်ဘာသာဝင်များအတွက်ထမင်းစားဆောင်တွင်ဝက်သား၊အမဲသားMenuများကိုအမှတ်အသားဖြင့်ခွဲခြားဖော်ပြထားသည်။
ကျောင်းအဆောင်များကိုစိစဥ်ပေးထားခြင်း
အခန်း432ခန်းပါဝင်သည့်အဆောင်တွင်နိုင်ငံခြားပညာတော်သင်များအတွက်သီးသန့်အဆောင်များထားရှိပေးထားသည်။အနီးအနားတွင်နိုင်ငံခြားပညာတော်သင် ကျောင်းသားများသာရှိသည့်အတွက်လွတ်လပ်စွာနေထိုင်နိုင်သည်။မီးဖိုချောင်၊ရေချိုးခန်း၊ ခြေလက်ဆေးရာနေရာများကိုပါပြင်ဆင်ပေးထားပါသည်။ သည့်အပြင်4လပိုင်းမှသာလျှင်အဆောင်ဝင်ခွင့်ပြုသည်ကိုနိုင်ငံခြားပညာတော်သင်ကျောင်းသားများကိုမူ 3လပိုင်းမှစ၍အဆောင်ဝင်နိုင်ရန်စီစဥ်ပေးထားသည်။

support 02ငွေကြေးအထောက်အပံ့များ

N1 သို့မဟုတ် N2 အောင်မြင်ပြီးသူများအတွက် ပံ့ပိုးမှု။
စာရင်းမသွင်းမီ N1 သို့မဟုတ် N2 အောင်မြင်သူများသည် ၎င်းတို့၏ပထမနှစ် ဒုတိယနှစ်ဝက်အတွက် သင်တန်းကြေးလျှော့စျေး ရရှိမည်ဖြစ်သည်။ N1 အောင်မြင်သူများအတွက် ယန်း 100,000 နှင့် N2 အောင်မြင်သူများအတွက် ယန်း 50,000 လျှော့စျေးဖြစ်ပါမည်။ စာရင်းသွင်းပြီးနောက် N1 သို့မဟုတ် N2 အောင်မြင်သူများကိုလည်း ပံ့ပိုးပေးပါသည်။
နိုင်ငံခြားပညာတော်သင်ကျောင်းသားများအတွက်တရားဝင်ပညာတော်သင်ထောက်ပံ့ရေးစနှစ်
ဂျပန်ကျောင်းသားရေးရာအဖွဲ့အစည်း(JASSO)၊Rokkouပညာသင်ဆုငွေစသဖြင့်နှစ်စဉ်များပြားသောပညာသင်ဆုငွေများကိုပေးအပ်လျှက်ရှိသည့် အဖွဲ့အစည်းများမှဆက်သွယ်လာလျှက်ရှိသည်။N2လက်မှတ်ကိုင်ဆောင်ထားသည့်ကျောင်းသားများကိုအထက်ပါအဖွဲ့အစည်းများနှင့်မိတ်ဆက်ပေးလျှက်ရှိသည်။ဂျပန်ဘာသာစကားနှင့်ကားအကြောင်းလေ့လာခြင်းများကိုတစိုက်မတ်မတ်လုက်ဆောင်ခြင်းဖြင့်ပညာတော်သင်ဆုငွေများကိုရယူနိုင်သည်။
နိုင်ငံခြားပညာတော်သင်ကျောင်းသားများအတွက်ကုမ္မဏီများမှပေးသောပညာတော်သင်ဆုငွေများ
ဂျပန်တစ်နိုင်ငံလုံးအတွင်းရှိတိုယိုတာကားအရောင်းဆိုင်များမှနိုင်ငံခြားပညာတော်သင်ကျောင်းသားများအားပညာတော်သင်ဆုငွေများပေးလျှက်ရှိသည်။ ကုမ္မဏီမှအလုပ်အကိုင်ကမ်းလှမ်းမူရပြီးသည့်ကျောင်းသားများအတွက်ပညာရေးထောက်ပံ့ငွေပေးခြင်းနှင့်ကြိုတင်ချေးငွေချေးပေးချင်းများကိုလည်းလုပ်ဆောင်ပေးသည့်အရောင်းဆိုင်များလဲရှိသည်။နိုင်ငံခြားကျောင်းသားများအတွက်အသေးစိပ်အချက်လက်များကိုကုမ္မဏီမှပေးသောပညာတော်သင်ထောက်ပံ့များ စာမျက်နှာတွင်ကြည့်ရှု့နိုင်သည်။
အချိန်ပိုင်းအလုပ်မိတ်ဆက်
ကျောင်းဝင်ခွင့်ရပြီးခိုဘေးသို့ပြောင်းလာမည့်ကျောင်းသားများအား ကျောင်းအနီးအနားမှအချိန်ပိုင်းအလုပ်များနှင့်မိတ်ဆက်ပေးပါသည်။ကျောင်းမှမိတ်ဆက်ပေးသည့် အလုပ်ဖြစ်သောကြောင့် စာနှင့်အလုပ်ကိုမျှမျှတတလုပ်နိုင်သည့်အပြင်စီနီယာနှင့်အတန်းဖော်များရှိသည့်အတွက် အဆင်ပြေချောမွေ့စွာအလုပ်လုပ်နိုင်သည်။

support 03အလုပ်အကိုင်ရှာဖွေသည့်နေရာတွင်အကူအညီပေးခြင်း

နိုင်ငံခြားပညာတော်သင်ကျောင်း သားများကိုအလုပ်ခန့်အပ်သည့်ကုမ္ပဏီများ၏မိတ်ဆက်ပွဲများကို ကျောင်းတွင်ပြုလုပ်စေခြင်း
ကျောင်းတွင်ပြုလုပ်သည့်ကုမ္ပဏီမိတ်ဆက်ပွဲများမှအလုပ်အကိုင်ရှာဖွေခြင်းများကိုနှစ်စဥ်9လပိုင်းတွင်စတင်သည်။ကျောင်းသားများကိုအလုပ်ခန့်မည့်ကုမ္ပဏီများသည်ကျောင်းသို့လာ၍မိမိတို့၏ကုမ္ပဏီအကြောင်းကိုမိတ်ဆက်ပေးလေ့ရှိသည်။နယ်မြေအသီးသီးမှကုမ္ပဏီများ၏အကြောင်းကိုလေ့လာပြီးအလုပ်အကိုင်ရှာဖွေခြင်းကိုစတင်နိုင်သည်။ထို့နောက်မိမိစိတ်ဝင်စားသည့်ကုမ္ပဏီသို့သွားရောက်ကြည့်ရှု့ပြီးစိတ်ဝင်စားမူရှိပါက ထိုကုမ္ပဏီတွင်အလုပ်ဝင်နိုင်သည်။မိတ်ဆက်ကုမ္ပဏီများ(2023ခုနှစ်တွင်61ကုမ္ပဏီ)
CVဖောင်ရေးခြင်းနှင့်အင်တာဗျူးလမ်းညွန်များကို အလုပ်ခန့်သည်အထိတစ်ယောက်ချင်းသင်ပြပေးခြင်း
ဂျပန်ဘာသာဖြင့်CVဖောင်ရေးခြင်း၊ဂျပန်စတိုင်အလုပ်အင်တာဗျူး စသည့်အကြောင်းအရာများသည်နိုင်ငံခြားပညာတော်သင်ကျောင်းသားများအနေဖြင့်မရင်းနှီးသောကြောင့် အလုပ်အကိုင်ရှာဖွေရာ၌အခက်အခဲမဖြစ်စေရန်တစ်ယောက်ချင်းသင်ပြပေးလျှက်ရှိသည်။ မိမိစိတ်ဝင်စားသည့်ကုမ္ပဏီအား ရွှေးချယ်ခြင်းမှအစဝင်ခွင့်စာမေးပွဲဖြေဆိုခြင်းနှင့်အလုပ်ခန့်အပ်ခံရသည်အထိ သေသေချာချာသင်ပြပေးသောကြောင့်အလုပ်အကိုင်ရှာဖွေခြင်းကိုအဆင်ပြေချောမွေ့စွာလုပ်နိုင်သည်။ဂျပန်နိုင်ငံတွင်သာမက မိမိနိုင်ငံတွင်အလုပ်ဝင်လိုပါကမိမိနိုင်ငံတွင်ရှိသော တိုယိုတာကုမ္ပဏီများနှင့်တိုင်ပင်ဆွေးနွေးခြင်းများကိုလည်းပြုလုပ်ပေးလျှက်ရှိသည်။
နိုင်ငံခြားပညာတော်သင်ကျောင်းများအားအလုပ်ခေါ်ယူမူအချက်အလက်များ
နိုင်ငံခြားပညာတော်သင်ကျောင်းသားများကိုအလုပ်ခန့်အပ်သည့် ကုမ္ပဏီများ၏အချက်အလက်များကိုစုဆောင်းထားသည်။ကျောင်းသားများသိလိုသည့်ကုမ္ပဏီများ၏အချက်အလက်များကိုအသေးစိတ်မေးကြည့်နိုင်သည်။ဥပမာ-အထောက်အပံ့များ၊ပညာရေးစနစ်များ၊နိုင်ငံခြားသားအလုပ်ခန့်အပ်ထားသည့်အရေအတွက်များ စသည့်တန်ဖိုးရှိသည့်သတင်းအချက်အလက်များကို ခိုဘေးတိုယိုတာကျောင်းတွင်တက်ရောက်ရင်းလေ့လာနိုင်သည်။
ကုမ္ပဏီဝင်ခွင့်စာမေးပွဲနှင့်အင်တာဗျူးအမေးအဖြေအချက်အလက်များကိုစီစဥ်ပေးခြင်း
စီနီယာများဖြေဆိုခဲ့သောဝင်ခွင့်စာမေးပွဲမေးခွန်းများ၊ အင်တာဗျူးအကြောင်းအရာများကိုကုမ္ပဏီအလိုက်စားရင်းပြုစုထားသည်။ဖြေဆိုရမည့်ကုမ္ပဏီ၏အချက်အလက်များကိုသိရှိထာခြင်းဖြင့်ဝင်ခွင့်စာမေးပွဲအတွက်ကြိုတင်ပြင်ဆင်ရာတွင်အခက်အခဲမရှိပြင်ဆင်နိုင်မည်ဖြစ်သည်။

လက်ရှိကျောင်းတက်နေသူများ၏ Review

image

Mg Shan Chibu(တရုတ်နိုင်ငံသား)

နိုင်ငံတကာကားပြုပြင်ရေးဘာသာရပ်

ခိုဘေးတိုယိုတာကျောင်းတွင်ကားနှင့်ပတ်သက်သောအသိပညာများကိုစနစ်တကျလေ့လာအပြီးကားကိုပိုမိုနှစ်သက်လာခဲ့သည်။ပေါင်းသင်းဆက်ဆံရေးလည်းကျယ်ပြန့်လာခဲ့သည်။အနာဂတ်တွင်တာဝန်ယူတတ်ပြီးအားကိုးရသည့်ကားပြုပြင်ရေးအင်ဂျင်နီယာတစ်ယောက်ဖြစ်လိုသည်။

寮生

Mg Tapa Magar Kamal(နီပေါနိုင်ငံသား)

နိုင်ငံတကာကားပြုပြင်ရေးဘာသာရပ်

ခိုဘေးတိုယိုတာကျောင်းမှဆရာများ၏သင်ကြားပြသမူကြောင့်ဂျပန်ဘာသာစကားနှင့် ကားအကြောင်းများကိုနက်နက်နဲနဲသိရှိလာရသည်။ဘော်ဒါဆောင်တွင်နေထိုင်သောကြောင့် ကျောင်းအသွားအပြန်အချိန်မကုန်သည့်အပြင်တိတ်ဆိတ်သောပတ်ဝန်းကျင်ဖြစ်သောကြောင့် အာရုံစူးစိုက်ပြီးစာလေ့လာနိုင်သည်။ကားအကြောင်းကိုပိုမိုလေ့လာပြီးကျွန်းကျင်ကားပြုပြင်အင်ဂျီနီယာတစ်ယောက်ဖြစ်လာအောင်ကြိုးစားသွားချင်သည်။

ကျောင်းတက်နေသည့်နိုင်ငံတကာကျောင်းသားဦးရေ

နိုင်ငံသား ကျောင်းသားအားလုံးအရေအတွက် နိုင်ငံတကာကားပြုပြင်ရေးဘာသာရပ် ကားပြုပြင်ရေးဘာသာရပ် အဆင့်မြင့်ကားပြုပြင်ရေးဘာသာရပ် အထူးကျွမ်းကျင်အင်ဂျင်နီယာအတန်း ဘွဲ့ရကျောင်းသားများ
ဗီယက်နမ် 95 74 18 3 181
မြန်မာ 71 37 34 9
နီပေါ 62 54 8 12
ဘင်္ဂလားဒေ့ရှ် 36 33 3 14
တရုတ် 18 2 14 2 51
သီရိလင်္ကာ 17 15 2 7
အင်ဒိုနီးရှား 5 4 1 6
ဥဇဘက်ကစ္စတန် 1 1
တောင်ကိုရီးယား 1 1 5
ပါကစ္စတန် 1 1
မလေးရှား 1 1 2
ထိုင်း 1
စုစုပေါင်း 308 221 81 5 1 288

နိုင်ငံခြားပညာတော်သင်ကျောင်းသားမျးအတွက်ပွဲလမ်းအစီအစဥ်များ

image

နိုင်ငံခြားပညာတော်သင်ကျောင်းသားများအတွက် သီးသန့်ကျောင်းမိတ်ဆက်ပွဲများ

တိုယိုတာကုမ္ပဏီမှတိုက်ရိုက်ဖွင့်လစ်သည့်ကျောင်းဖြစ်သည့်အလျှောက်အမျိုးမျိုးသောကားအမျိုးအစားများဖြင့်လက်တွေ့လေ့လာနိုင်သည်။ရှားပါးသည့်ကားများကိုစီးနှင်းနိုင်ပြီး၊ကားဝါသနာရှင်များအနေဖြင့် ကျွန်ုပ်တို့၏ကျောင်းမိတ်ဆက်ပွဲသို့လာတက်ရောက်စေလိုသည်။

အွန်လိုင်းသတင်းအချက်အလက်ကဏ္ဍ

Zoom ကို အသုံးပြု၍ အွန်လိုင်း ဆွေးနွေးမှုများတွင် သင့်ကွန်ပျူတာ သို့မဟုတ် စမတ်ဖုန်းမှ အလွယ်တကူ ပါဝင်ပါ။ "ကျောင်းအကြောင်း ပိုသိချင်တယ်" သို့မဟုတ် "အခြားနိုင်ငံတကာ ကျောင်းသားများ၏ အတွေ့အကြုံများကို ကြားချင်ပါတယ်" ကဲ့သို့သော အွန်လိုင်းအချက်အလက် ကဏ္ဍများတွင် မည်သည့်အရာကိုမဆို မေးမြန်းနိုင်ပါသည်။

ခေါ်ယူသောဘာသာရပ်များ

N3Level ကျောင်းသားများ(3နှစ်အတန်း)
အရေအတွက် 110ဦး
N2Levelကျောင်းသားများ(2နှစ်အတန်း)
အရေအတွက်100ဦး

ကျောင်းစရိတ်၊ ကုန်ကျစရိတ်အထောက်အပံ့များ

သာမန်အသက်မွှေးဝမ်းကျောင်းများဖြင့်နှိုင်ယှဥ်ကြည့်ခြင်း

ကျောင်းစရိတ်သက်သာခြင်း!

နိုင်ငံတကားကားပြုပြင်ရေးဘာသာရပ်အတွက်ပထမနှစ်တွင်ပေးသွင်းရမည့်ငွေပမာဏမှာ 70.5သောင်းခန်းသာဖြစ်ပြီးဒုတိယနှစ်နှင်တတိယနှစ်မှာ93.6သောင်းခန့်သာရှိသည်။သာမန်အသက်မွေး ဝမ်းကျောင်းများသည်ပင်သောင်း100မှ110ကြားရှိသည်။ 70%သောငွေပမာဏဖြင့်တိုယိုတာ၏အဆင့်မြင့်နည်းပညာများကိုမိမိတို့ကျောင်းတွင်လေ့လာနိုင်သည်။ထို့အပြင် နိုင်ငံတကာကားပြုပြင်ရေးဘာသာရပ်တွင်3နှစ်တာစာသင်ချိန်သည်နာရီပေါင်း3050ရှိပြီး၊ ကားပြုပြင်ရေးဘာသာရပ်တွင်မူနာရီပေါင်း2160သာရှိသည့်အတွက်1.5 (တစ်ဆခွဲခန့်)ပိုနေသောအချိန်ဖြင့်ကားနှင့်ပတ်သက်သည့်အသိပညာနှင့်နည်းပညာများကို အသေးစိတ်စနစ်တကျလေ့လာနိုင်သည်။

နိုင်ငံတကာကားပြုပြင်ရေးဘာသာရပ်၊(3နှစ်အတန်း)
ပညာသင်နှစ် ကျောင်းဝင်ကြေး တစ်နှစ်စာကျောင်းစရိတ်
ပထမနှစ် ¥250,000 ¥705,000
ဒုတိယနှစ် - ¥936,000
တတိယနှစ် - ¥936,000
3နှစ်တာစုစုပေါင်း ¥2,827,000
ပစ္စည်းဝယ်ယူရန်စရံငွေ(၂၀၂၅ အချက်အလက်)
ပညာသင်နှစ် ပထမနှစ် ဒုတိယနှစ် တတိယနှစ်
ပစ္စည်းဝယ်ယူရန်စရံငွေ ¥36,000 ¥65,000 ¥93,000
ကားပြုပြင်ရေးဘာသာရပ်၊(2နှစ်အတန်း)
ပညာသင်နှစ် ကျောင်းဝင်ကြေး တစ်နှစ်စာကျောင်းစရိတ်
ပထမနှစ် ¥250,000 ¥1,080,000
ဒုတိယနှစ် - ¥1,080,000
2နှစ်တာစုစုပေါင်း ¥2,410,000
ပစ္စည်းဝယ်ယူရန်စရံငွေ(၂၀၂၅ အချက်အလက်)
ပညာသင်နှစ် ပထမနှစ် ဒုတိယနှစ်
ပစ္စည်းဝယ်ယူရန်စရံငွေ ¥67,000 ¥93,000

ကျေးဇူးပြု၍ ကိုယ်တိုင်ဝယ်ယူပါ (စာရင်းသွင်းစဉ်အတွင်း အသိပေးပါမည်)
ကျောင်းသုံးစာအုပ်များ၊ ယူနီဖောင်းများ စသည်တို့ (ယန်း ၅၀၀၀၀ မှ ၆၀၀၀၀ ခန့်)
တက်ဘလက် PC (100,000 မှ 200,000 ယန်းခန့်)
[နိုင်ငံတကာကားပြုပြင်ရေးဘာသာရပ်] ကျောင်းသားများအတွက် ဒုတိယနှစ်တက်ရောက်ရန် တက်ဘလက်ကွန်ပျူတာများ လိုအပ်ပါသည်။

ပညာသင်ဆုငွေ

ကျောင်းပြီးဆုံးသည်အထိဆက်တက်ရန်အခက်အခဲရှိသည့်ပညာရည်ချွန်ထူးချွန်ကျောင်းသားများအား ပညာသင်ဆုငွေများ ထောက်ပံ့ပေးလျှက်ရှိသည်။

ဘာသာရပ်ဆိုင်ရာအထောက်အပံ့များ

ပံ့ပိုးအအဖွဲ့အစည်း ဂျပန်ကျောင်းသားများကိုပံ့ပိုးပေးသည့်အမှီအခိုကင်းJASSOအဖွဲ့အစည်း
အကျိုးခံစားခွင့်ပမာဏ တစ်လ 48000ယန်း
အကျိုးခံစားခွင့်ကာလ 12လ သို့မဟုတ် 6လ
ပေးအပ်သည့်လူဦးရေ 2025ခုနှစ် 12လအတွက် 15ဦး၊
2024ခုနှစ် 12လအတွက် 9ဦး၊6လအတွက်2ဦး

Rokkouပညာသင်ဆု

ပံ့ပိုးအအဖွဲ့အစည်း ခိုဘေးကျောင်းသားလူငယ်စင်တာ
အကျိုးခံစားခွင့်ပမာဏ တစ်လ ယန်း50000
အကျိုးခံစားခွင့်ကာလ 12လ
ပေးအပ်သည့်လူဦးရေ 2024ခုနှစ်အတွက် 1ဦး

ကုမ္ပဏီမှပေးသောပညာသင်ဆုငွေ

ကျောင်းလခချေးငွေအား ကျောင်းပြီးလျှင်မိမိဝင်ရောက်မည့်ကုမ္ပဏီထံမှချေးငွေကိုပထမနှစ်မှစ၍ရယူနိုင်သည်။(ချို့ယွင်းချက်:နိုင်ငံတကာကားပြုပြင်ရေးဘာသာရပ်မှာ ဒုတိယနှစ်မှရယူနိုင်မည်)

ကုမ္ပဏီနာမည် ခရိုင်များ ချေး ငွေပမာဏ မှတ်ချက်များ
Osaka Daihatsu Sales Co., Ltd Osakaခရိုင် အလုပ်ခန့်အပ်ပြီးနောက်သောင်း60 လုပ်သက်5နှစ်ပြည့်လျှင်ကျန်ရှိငွေ ကင်းလွတ်ခွင့်ရှိ
Kyoto Daihatsu Sales Co., Ltd Kyotoခရိုင် အလုပ်ခန့်အပ်ပြီးနောက်သောင်း60 လုပ်သက်5နှစ်ပြည့်လျှင်ကျန်ရှိငွေ ကင်းလွတ်ခွင့်ရှိ
Toyota Mobility Shia Co., Ltd Shigaခရိုင် အလုပ်ခန့်အပ်ပြီးနောက်သောင်း50 ကျောင်းစာမေးပွဲရလဒ်အပေါ်မူတည်ပြီး ပြန်ပေးရန်မပေးရန်ဆုံးဖြတ်မည်
Nets Toyota Okayama Co., Ltd Okayamaခရိုင် အလုပ်ခန့်အပ်ပြီးနောက်သောင်း50 လုပ်သက်3နှစ်ပြည့်လျှင်ကျန်ရှိငွေ ကင်းလွတ်ခွင့်ရှိ
Nets Toyota Sanyo Co., Ltd Okayamaခရိုင် အလုပ်ခန့်အပ်ပြီးနောက်သောင်း50 လုပ်သက်3နှစ်ပြည့်လျှင်ကျန်ရှိငွေ ကင်းလွတ်ခွင့်ရှိ
Toyota L&F Hiroshima Co., Ltd Hiroshimaခရိုင် အလုပ်ခန့်အပ်ပြီးနောက်သောင်း50 လုပ်သက်5နှစ်ပြည့်လျှင်ကျန်ရှိငွေ ကင်းလွတ်ခွင့်ရှိ
Kagawa Daihatsu Motors Co., Ltd Kagawaခရိုင် အလုပ်ခန့်အပ်ပြီးနောက်သောင်း125 လုပ်သက်5နှစ်ပြည့်လျှင်ကျန်ရှိငွေ ကင်းလွတ်ခွင့်ရှိ
Ehime Toyota Motor Co., Ltd Ehimeခရိုင် အလုပ်ခန့်အပ်ပြီးနောက်သောင်း74 လုပ်သက်3နှစ်ပြည့်လျှင်ကျန်ရှိငွေ ကင်းလွတ်ခွင့်ရှိ
Toyota Corolla Fukui Co., Ltd Fukuiခရိုင် အလုပ်ခန့်အပ်ပြီးနောက်သောင်း30ထောက်ပံ့ပေး 3နှစ်မပြည့်ပဲအလုပ်ထွက်လျှင် ပြန်လည်ပေးဆောင်ရမည်
Aichi Daihatsu Sales Co., Ltd Aichiခရိုင် အလုပ်ခန့်အပ်ပြီးနောက်သောင်း60 လုပ်သက်5နှစ်ပြည့်လျှင်ကျန်ရှိငွေ ကင်းလွတ်ခွင့်ရှိ
Numazu Daihatsu Sales Co., Ltd Shisuokaခရိုင် အလုပ်ခန့်အပ်ပြီးနောက်သောင်း60 လုပ်သက်5နှစ်ပြည့်လျှင်ကျန်ရှိငွေ ကင်းလွတ်ခွင့်ရှိ
Kanagawa Daihatsu Sales Co., Ltd Kanagawaခရိုင် အလုပ်ခန့်အပ်ပြီးနောက်သောင်း50 လုပ်သက်3နှစ်ပြည့်လျှင်ကျန်ရှိငွေ ကင်းလွတ်ခွင့်ရှိ
Saitama Daihatsu Sales Co., Ltd Saitamaခရိုင် အလုပ်ခန့်အပ်ပြီးနောက်သောင်း50 လုပ်သက်3နှစ်ပြည့်လျှင်ကျန်ရှိငွေ ကင်းလွတ်ခွင့်ရှိ

မေးမြန်းရန်

ဂျပန်ပြည်တွင်းမှမေးမြန်းလိုပါက

0120-763-124

သို့(Sat.Sundayနှင့်အစိုးရရုံးပိတ်ရက်များမပါ)

မေးမြန်းနိုင်သည့်ပုံစံ

ပြည်ပမှမေးမြန်းလိုပါက

+81 78-796-2111

သို့ဆက်သွယ်မေးမြန်းနိုင်သည်
(Sat.Sundayနှင့်အစိုးရရုံးပိတ်ရက်များမပါ)